မိထားတဲ့သူက~
“ဟဲလို.. ဋ္ဌာနချုပ်ကလား။
ကုန်တိုက်ရှေ့မှာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
တစ်ယောက်ကိုတော့ ကျွန်တော် မိထားပါတယ်။”
“ဘယ်တစ်ယောက်လဲ”
“အလုပ်ခံရတဲ့သူ” :P
====================================
ရိုက်မှာစိုးလို့~
“သားရေ ဟောဒါ အသစ်ပြောင်းလာတဲ့ ဘေးခန်းက အန်တီလေးကွယ့်။
မိတ်ဆက်တဲ့ အနေနဲ့ အန်တီ့ ကို မွှေးမွှေးပေးလိုက်ပါဦး”
“ဟင့်အင်း၊ သားကြောက်တယ် မေမေ”
“ဘာဖြစ်လို့လဲ”
“မနေ့က သူ့ကို ဖေဖေသွားနမ်းတာ ပါးရိုက်လွှတ်တယ်ဗျ”
:>.<:
=====================================
ငတ်ချင်တော့....
အခုလေးတင် စိတ်ကူးပေါက်လာလို့ ကောက်တင်လိုက်တာဗျ......
တစ်ခါက လူပျိုကြီး ဒရိုင်ဘာတစ်ယောက်ဟာ
ခရီးသည် အပျိုကြီး တစ်ယောက်ကို နယ်ဝေးခရီးကိုကာမောင်းပို့ပေးရသတဲ့
လူပျိုကြီးက ကားမောင်းရင်..ဂီယာထိုးရာမှ အပျိုကြိးဧ။်ပေါင်ပေါ်သို့ အမှတ်မထင်လက်ရောက်သွားမိသည်...
သာယာသောအထိအတွေ့ကြောင့် ရုတ်တရက် လက်ကို ပြန်မရုတ်မိချေ..
ထိုအခါ အပျိုကြီး ထံမှ..တုန်ရင်သောစကားသံ ထွက်ပေါ်လာခဲ့သည်...
"ဒီမှာ ဒီမှာ..ဓမ္မသစ်ကျမ်း အခန်းကြီး သုံး အခန်းငယ် ငါး ကအပိုဒ်ကိုသတိရပါ.."
အပျိုကြီးဧ။်စကားကြောင့် လူပျိုကြီးမှာ သက်ပြင်းချလိုက်ရင်း လက်ကို ပြန်ရုတ်လိုက်ရလေသည်
သို့သော် မကြာမီပင် စိတ်မထိန်းနိုင်ပဲ ဂီးယာထိုးရင် လက်ကရောက်သွားပြန်သည်..
"ဒီမှာ..ဓမ္မသစ်ကျမ်း အခန်းကြီး သုံး အခန်းငယ် ငါး ကအပိုဒ်ကိုသတိရပါ.."
လူပျိုကြီးလဲ လက်ကို ပြန်ရုတ်လိုက်ရပြန်လေသည်...
ဤသို့ဖြင့် အပျိုကြီး ဆင်းမည့်နေရာသို့ရောက်သောအခါ ကားရပ်လိုက်သည်..
ဒီတစ်ခါတော့ အပျိုကြီးက သက်ပြင်းချရင်း...ကားပေါ်မှဆင်းသွားလေသည်..
ထိုအခါမှ လူပျိုကြီးမှာ ကားဒက်ရှ်ဘုတ်ထဲမှ ဓမ္မသစ်ကျမ်း စာအုပ်ကို ထုတ်၍
အပျိုကြီးပြောသော အခန်းကို ဖတ်ကြည့်ရာ..
ကိုယ့်နဖူးကိုယ်ရိုက်ကာ"သေလိုက်ဟ သေလိုက်ဟ..."
ဟုအော်ပါတော့သည်...
P.S: ဓမ္မသစ်ကျမ်း အခန်းကြီး သုံး အခန်းငယ် ငါး ပါအသားမှာ..........
"အမောင်ချစ်သား ရှေ့ကိုတိုးလော့.."ဟူ၍........ :/
:/
:/
by ရယ်လိုက်ရအောင်.




